မိုးညိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်



MNP ၊ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာ‌ရေးမှူး ဦးကြည်လင်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက သင်တန်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့ကြီးကြပ်မှုဖြင့် ကျောင်းအုပ်ဆရာကြီး ၂၈ ဦးက သင်တန်းနည်းပြဆောင်ရွက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြဆရာ/ ဆရာမ ၈၀၆ ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘဝတွက်တာ(လူမှုရေး)၊ သိပ္ပံ၊ ကာယ၊ စာရိတ္တ၊ ဂီတ၊ အဆိုအတီး၊ အသက်မွေး၊ စိုက်ပျိုးရေး စသည့်ဘာသာရပ်များအား မတ်လ ၂၈ ရက် မှ မတ်လ ၃၁ ရက်နေ့ထိ ၄ ရက်ကြာပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။                 


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)