ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/ကျောင်းသူ ၈၅၉ ဦး ဝင်ရောက် ဖြေဆိုရန်စာရင်းပေးသွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/ကျောင်းသူ ၈၅၉ ဦး ဝင်ရောက် ဖြေဆိုရန်စာရင်းပေးသွင်း


MNP    -     မတ် ၂

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၈၅၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ပင်လောင်းမြို့နယ်အတွင်း စာစစ်ဌာနဖွင့်လှစ်ထားသည့် အထက(၂)တွင် အတွင်းဖြေ ကျောင်းသား/သူ(၁၆)ဦး  ပြင်ပဖြေ(၃၀၄) ဦး စုစုပေါင်း(၃၂၀)ဦး၊ အထက -နောင်တရားတွင် ပြင်ပဖြေ ကျောင်းသား/သူ(၁၃၉)ဦး၊ အထက-တီကျစ်တွင် ပြင်ပဖြေ ကျောင်းသား/သူ (၆၃) ဦး၊ အထက-ပင်ခွန်တွင် အတွင်းဖြေကျောင်းသား/သူ(၁၅)ဦး ပြင်ပဖြေ ကျောင်းသား/သူ(၂၆၂)ဦး စုစုပေါင်း(၂၇၇) ဦး၊ အထက-တင်းထက်တွင် အတွင်းဖြေ(၄၉)ဦး ပြင်ပဖြေ (၁၁)ဦး စုစုပေါင်း (၆၀)ဦးတို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် အတွင်းဖြေ ကျောင်းသား/သူ စုစုပေါင်း(၈၀)ဦး၊ ပြင်ပဖြေ ကျောင်းသား/သူ (၇၇၉)ဦး ဖြစ်ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)