မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ၊အစိုးရပါဌိ ပထမပြန် စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ၊အစိုးရပါဌိ ပထမပြန် စာမေးပွဲ စတင်ဖြေဆို




MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသ နာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ပြုလုပ်ကျင်းပသော ပါဌိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ် အောင်တပ်ရပ်ကွက် အ.ထ.က ၂ ကျောင်း၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်ဖြေဆို လျှက်ရှိသည်။


မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊သံဃာများ သည် ၂၀၂၃ ခုနှစ် ၊ အစိုးရပါဌိ ပထမပြန်စာမေးပွဲကို ဖြေဆိုကြသည့် ပထမအကြီတန်း (၃) ပါး၊ ပထမအလတ်တန်း(၄) ပါး၊ ပထမအငယ် တန်း(၂၆) ပါး ၊ အခြေပြုမူလတန်း (၂၀) ပါး စုစုပေါင်း (၅၃) ပါး ဝင်ရောက် ဖြေဆိုလျှက်ရှိပြီး  ပထမအကြီတန်း ၊ ပထမအလတ်တန်း စာဖြေသံဃာများသည် ဒွေမာတိကာ ဘာ သာရပ်၊ အငယ်တန်း စာဖြေသံဃာများသည် ဘိက္ခုပါတိမောက် ဘာသာရပ် နှင့် အခြေ ပြုမူ လ တန်း စာဖြေသံဃာများသည် ဝိနည်းကျင့်ဝတ်ဘာသာရပ်များအား ဖြေဆိုလျှက်ရှိရာ အစိုးရ ပါဌိပထမပြန် စာမေးပွဲကို မတ်လ (၂၈) ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာန မှ သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)