MNP - မတ် ၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း ဦးစီးဌာန၊ ဂွ မူလတန်းကြိုကျောင်း၌ ယမန်နေ့ ညနေပိုင်းက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဂွမြို့ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိမွန်လှိုင်က သားငယ်၊သမီးငယ်များ မူလတန်းကြိုကျောင်း သင်ယူပြီးမြောက်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီးသားငယ်၊ သမီးငယ်များကသီချင်း အဆိုအကများဖြင့် ပဒေသာကပွဲ ကပြဖျော်ဖြေခဲ့ကြသည်။ ထိုနောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နဲ့ကလေးမှအဖွဲ့ဝင်များနှင့် ဂွမူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်အိမွန်လှိုင်တို့က ကျောင်းဆင်း သားငယ်၊သမီးငယ်များအား သင်ယူပြီး မြောက်ခြင်းလက်မှတ်များကို ပေးအပ်ရာ သားငယ်/သမီးငယ်(၄၃)ဦးတို့က လက်ခံရယူခဲ့သည်။အဆိုပါ ဂွမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့်အတူ ကျောင်းသားမိဘ များ တက်ရောက်၍ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment