အင်းစိန်မြို့နယ်၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ကျင်းပရာတွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးတိုင်း အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို မိမိတို့နိုင်ငံထဲမှာ (၁၈)နှစ်အောက် ကလေးတိုင်း ကျား/မ၊ လူမျိုး၊ ဘာသာ၊ အသားရောင်မခွဲခြားဘဲ ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးစေကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး အနေဖြင့်လည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးခြင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲပြုလုပ်ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များနှင့် မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတာကိုလည်း တွေ့မြင်ရကြောင်း ပြောကြားသည်။


ဆက်လက်၍ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းက (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် တင်ပြခြင်းနှင့် လိုအပ်ချက်များကို ကော်မတီဝင်များက ပြန်လည်ဆွေးနွေးပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)အား ခရိုင်ဥပဒေရုံး၊ ဥပဒေအရာရှိ ဦးလေးလွင်က အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက် လုပ်ငန်းများအပေါ် ကော်မတီဝင်များက အသီးသီး ဆွေးနွေးသည်။


ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်က အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များ အနေနဲ့ ကလေးသူငယ်များနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ တင်ပြနိုင်သလို ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါကြောင်း၊ သက်ငယ်မုဒိမ်းမှု၊ လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ကြရေးအတွက် ကော်မတီဝင်များအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း နိဂုံးချုပ်ပြောကြားပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)