မာန်အောင်မြို့တွင် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် သင်ကြား သင်ယူမှုလုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံပညာ မူလတန်းဆင့် သင်ဆရာ/မများ၏ အတန်းလိုက်ဘာသာရပ်အလိုက် သင်ကြားမှု စွမ်းရည်မြှင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် ဆွေနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီကအ-ထ-က မာန်အောင် အောင်ဇေယျာခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။


  အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်း နည်းပြများကိုယ်စား နည်းပြဆရာ ဦးမြင့်သောင်းဟန်မှ သင်တန်းနှင့်ပတ်သတ်၍အကြံပြုဆွေးနွေးသည်။


  အဆိုပါ သင်တန်းတွင် ကြီးကြပ်ဆရာ(၅)ဦး၊နည်းပြဆရာ(၂၀)ဦးနှင့်မူလတန်းပြ ဆရာ/မ (၅၈၅)ဦးတက်ရောက်ကြပြီး ဆွေနွေးပွဲကို ယခုလ၂၈ရက်နေ့မှ၃၁ရက်နေ့ထိ နေ့စဥ်နံနက်၉နာရီမှညနေ၄နာရီထိ(၄)ရက်ကြာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)