ပလက်ဝမြို့နယ်၊ တမန်းသားစံပြကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း (တံတား) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပလက်ဝမြို့နယ်၊ တမန်းသားစံပြကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း (တံတား) ဖွင့်ပွဲ အခမ်းအနားကျင်းပ

51

52


MNP ၊ မတ် ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားစံပြကျေး ရွာတွင် ကျေးရွာချင်းဆက်လမ်း သစ်သားတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖဲကြိုး ဖြတ်ဖွင့်လှစ်သည်။


ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုဘဝအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်ရည်မှန်းလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)က စီစဉ်ထောက်ပံ့ငွေဖြင့် အလျား(၆၀ပေ)၊ အနံ(၆)ပေ၊ အမြင့်(၉ပေ)ရှိ သစ်သားတံတား ဆောက်လုပ်ခြင်းလုပ်ငန်းကို သိန်း(၁၀၀)ကျပ် ကုန်ကျခံကာ ဆောက်လုပ်ခြင်းဖြစ်သည်။


အဆိုပါ တံတားဖွင့်လှစ်ရာတွင် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ကျေးလက်ဦးစီးမှူး ဦးသန်းစိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားအား အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးခဲ့သည်။


အခမ်းအနားသို့ နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်/မြို့နယ်အဆင့် သတ်ဆိုင်ရာ ဌာနအကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ တံတားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများ သွားရောက်ချီးမြောက်ပေးကြကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages