ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းအမ်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းအမ်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ မတ် ၂၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရ၊ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန် ကြီးများပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ နှင့်အတူ မတ်လ ၂၇ ရက် နေ့ နံနက်ပိုင်းတွင်  အမ်းမြို့၌ နယ်အ တွင်းလှည့်လည်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့သည်။


        ရခိုင်ပြည်ဝန်ကြီးချုပ်၊လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးပြည် နယ်အစိုးရအဖွဲ့ဝင်ဝန် ကြီးများ

နှင့်အဖွဲ့သည် အမ်မြို့၌၂၀၂၂-၂၀ ၂၃ ဘဏ္ဍာနှစ်အတွင်း ပြည် ထောင်စုရန်ပုံငွေ (၅၂၅.၅၅၅) ကျပ်သန်း ဖြင့် A STAR Company Limited မှ တာဝန်ယူတည် ဆောက်နေသောစက်မှုစိုက်ပျိုး ရေးနှင့်မွေးမြူရေးအထက် တန်းကျောင်းတည် ဆောက်မှု လုပ်ငန်း ခွင်အားလှည့်လည်ကြည့်ရှုစစ် ဆေး၍ ကျောင်းဆောက်လုပ်ရေးတာ ဝန်ခံများနှင့်တွေ့ ဆုံကာ ပြုပြင်ရန်လိုအပ်ချက်များအားမှာကြားခဲ့သည် ။


ဆက်လက်ပြီးပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အသေးစားအလတ်စားကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျှက်ရှိသော ကု​ေဋစံကွန်ကရစ် အလှဆင်လုပ်ငန်းဆောင်ရွက် နေသောလုပ်ငန်းခွင်နှင့် Best Fly သောက် ရေသန့်စက်ရုံများသို့သွားရောက်လှည့်လည်ကြည့်ရှု ၍လုပ်ငန်းတာဝန်ခံများနှင့်တွေ့ ဆုံကာ ထုတ် ကုန်များတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ပြောရာ တာဝန်ခံဆောင်ရွက်သူများ၏တင် ပြချက်များနှင့်လုပ်ငန်းလို အပ်ချက်များအား ခရိုင်/မြို့နယ်တာဝန် ရှိသူများနှင့်ပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)