တောင်ကုတ်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျက်ရှိ




MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များအသင်း မှ တောင်ကုတ်မြို့ပေါ်နှင့်ကျေးရွာများရှိ ပြည်သူများသို့ စားအုန်းဆီများဖြန့်ဝေရောင်းချခြင်းကို မတ်လ(၂၉) ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ သိရသည်။


ထိုသို့ ရောင်းချပေးရာတွင် အထူးဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်(၅၂၀၀)ကျပ်ဖြင့် ဂူတာရပ်ကွက် ၊ဆေးရုံကွက် သစ်ဈေး ၊ ချောင်းကောက်ရပ်ကွက်ဈေး ၊သိမ်တောင်ရပ်ကွက်ဈေးနှင့်ဝဲကြီး ၊ ဝက်ကျိတ် ကျေးရွာများရှိပြည်သူ များသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)