ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများဆောင်ရွက်






MNP ၊ မတ် ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန မောင်တော ခရိုင်ရုံး Community Centre ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာကျောင်းသား၊ကျောင်းသူလေးများက ခင်းကျင်းပြသထားသော သုတ ၊ရသ စာအုပ်များ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီးပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများ၊ နိုင်ငံတော်အကြီးအကဲများ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ စသည်တို့အား အများ ပြည်သူ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြသ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)