တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများလက်ဝယ် အရောက်ဖြန့်ဖြူးပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများလက်ဝယ် အရောက်ဖြန့်ဖြူးပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြောကြား



MNP ၊ မတ် ၂၅

ပြည်တွင်းစားသုံးမှုအတွက် အသားငါးဖူလုံ ပိုလျှံရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့သော ငါး၊ ပုစွန်မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးလာရေးအတွက် ဌာနပုဂ္ဂလိကနှင့်တောင်သူတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ရေနေသတ္တဝါဆိုင်ရာ သုတေသနများ၊ ငါး၊ ပုစွန် မျိုးရိုးဗီဇနှင့် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်းနှင့် မျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင်လည်း သက်ဆိုင်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ၂၃-၃-၂၀၂၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြင်ထပ်အော်ကျေးရွာရှိ မွေးမြူရေးသုတေသနဦးစီးဌာန၏ သုတေသနစခန်း ၌ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်။


အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းအင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်၏ ရေပေါ်လှောင်အိမ် ဖြင့်မွေးမြူထားသည့် ကမာမွေးမြူထားရှိမှုနှင့် ကတ်တလူပုစွန်မွေးမြူရေးကန်များ၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့ရန် ပုစွန်ထုပ်ပိုးနေမှုများကိုကြည့်ရှု စစ်ဆေးအားပေးပြီး ဒုတိယဝန်ကြီးက စံချိန်စံညွှန်းမီ အရည်အသွေးကောင်းပို့ကုန်များအဖြစ် နာမည်ရရှိ ပြီး ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ လုပ်ငန်းရှင်များအကြား အပြန်အလှန်ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့် ပိုမိုအားကောင်းသော မြန်မာ့ရေထွက်ကုန်အစု အဖွဲ့ကြီးအဖြစ် အောင်မြင်စွာ လုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားသည်။


မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး မြိတ် ခရိုင်နှင့် မြိတ်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကိုတွေ့ဆုံ၍ ဒုတိယဝန်ကြီးက ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် သီးနှံအလိုက် မြေဆီအာဟာရလိုအပ် ချက်များ နည်းပညာများ ဖြန့်ဖြူးပေးရန်၊ ဆီအုန်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ဆီသီးခိုင် အရည်အသွေးမြင့်မားရေးနှင့် လေလွင့်မှုလျှော့ချနိုင်ရေး၊ အကောင်းဆုံး ဆီသီးခိုင်ခူးချိန်ဆိုင်ရာ နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများလက်ဝယ် အရောက်ဖြန့်ဖြူးပေးရန်၊ ရေလုပ်သားများ ဘေးကင်း လုံခြုံရေးနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ပေးသော သင်တန်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဝန်ထမ်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာစွာဖြင့် တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)