တောင်သူများ၏ ဓာတ်မြေဩဇာသုံးစွဲမှုနှင့် သဘာဝမြေဩဇာသုံးစွဲမှုအပေါ် လေ့လာပြီး လိုအပ်သော နည်းပညာပေးလုပ်ငန်းများ၊ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုကြောင်း မြေသြဇာကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီး ဒေါက်တာတင်ထွဋ် ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်သူများ၏ ဓာတ်မြေဩဇာသုံးစွဲမှုနှင့် သဘာဝမြေဩဇာသုံးစွဲမှုအပေါ် လေ့လာပြီး လိုအပ်သော နည်းပညာပေးလုပ်ငန်းများ၊ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုကြောင်း မြေသြဇာကော်မတီဥက္ကဋ္ဌ ဒုဝန်ကြီး ဒေါက်တာတင်ထွဋ် ပြောကြား

008

MNP ၊ မတ် ၂၄

မြေဩဇာကော်မတီ၏ (၃၈) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြေဩဇာ ကော်မတီ၏ လုပ်ငန်းတာဝန်များသည် တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို တိုက်ရိုက်အကောင်အထည် ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်သည့် ဓာတ်မြေဩဇာများ အသုံးပြုနိုင်ရန် မြေဩဇာကော်မတီက တည်ဆဲဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ် လျက်ရှိသကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာရေးကိုလည်း အားပေး လျက်ရှိကြောင်း၊ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည့် မြေဩဇာ မှတ်ပုံတင်များအရ လုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ် စနစ်တကျ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရန် လိုကြောင်း၊ မြေဩဇာကော်မတီအနေဖြင့် မြေဩဇာနှင့်ဆိုင်သည့် နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းပညာများကို အတည်ပြုသုတေသနလုပ်ရန်လိုကြောင်း၊ အလားတူ တောင်သူများ၏ ဓာတ်မြေဩဇာသုံးစွဲမှုနှင့် သဘာဝမြေဩဇာသုံးစွဲမှုအပေါ် လေ့လာပြီး လိုအပ်သော နည်းပညာပေးလုပ်ငန်းများ၊ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများအားတင်ပြရာ အကြောင်းအရာ တစ်ခုချင်းအလိုက် အစည်းအဝေးတက်ရောက် လာကြသူများက စိစစ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသည့် မြေဩဇာများ အရည်အသွေးနှင့် စံချိန်စံညွှန်း ကိုက်ညီစေရန် မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ စစ်ဆေးထောက်ခံချက်ဖြင့် မြေဩဇာမှတ်ပုံတင်ထုတ်ပေးနိုင်ရေးကို မြေဩဇာကော်မတီ အစည်းအဝေးများက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ (၃၇) ကြိမ် မြောက်အစည်းအဝေး ပြီးဆုံးချိန်အထိ မြေဩဇာ မှတ်ပုံတင် စုစုပေါင်း ၉၈၆၁ စောင်ကို ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages