တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲတက်ရောက်ပြီး မြိတ်အကျဉ်းထောင်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲတက်ရောက်ပြီး မြိတ်အကျဉ်းထောင်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

 



MNP ၊ မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ​ယနေ့နံနက်ပိုင်းက မြိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား/သူများအနေဖြင့် ထိရောက်သောသင်ယူမှုများ စဉ်ဆက်မပြတ် ရရှိစေရန်အတွက် မြိတ်မြို့နယ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။


ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာမူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန်ရည်ရွယ်၍ စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ပြီး ဆွေနွေးပွဲအား လက်ထောက်မူလတန်းပြဆရာမများက “ တို့တာဝန် ” သီချင်းသီဆို ဖွင့်လှစ်ခဲ့ကြသည်။


ထိုနောက် လူမှုရေးရာဝန်ကြီးက နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊  ဒါကြောင့်လည်း နိုင်ငံတော်အနေဖြင့် ပညာရေးရင်းနှီးမြှပ်နှံမှုကို အလေးထားလျက် ပညာရေးကဏ္ဍာကို အရှိန်အဟုန်ဖြင့် တိုးတက်စေရန် အားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲတွင် တစ်ဦးနှင့်တစ်ဦး အသိပညာ၊ အတတ်ပညာ အတွေ့အကြုံချင်းဖလှယ်ကြကာ ကျောင်းများသို့ပြန်ရောက်သည့်အခါ တပည့်များအပေါ် ဖြန့်ဝေခြင်းများ ဆက်လက်ပြုလုပ်သွားကြစေလိုကြောင်း  ပြောကြားသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းနောင်က  ဆွေးနွေးပွဲနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြ၍ ဆွေးနွေးပွဲကို လက်ထောက်မူလတန်းပြဆရာမများက “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” သီချင်းသီဆိုရုပ်သိမ်းခဲ့ကြသည်။ မြိတ်မြို့နယ်၏ မူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့် ဆွေးနွေးရာတွင် မြို့နယ်အတွင်းမှ မူလတန်းပြ ဆရာ/မ(၆၇၃)ဦး တက်ရောက်ကြ၍ မူလတန်းကျောင်း ကျောင်းအုပ်(၂၃)ဦးမှ နည်းပြများအဖြစ် ဦးဆောင်ဆွေးနွေးလျက်ရှိကြကာ မတ်လ(၃၁)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။


ဆက်လက်ပြီး လူမှုရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်အကျဉ်းထောင်ရှိ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို  အကျဉ်းထောင်သို့ သွားရောက်၍ တာဝန်ခံအရာရှိ ရုံးခန်းမတွင် ထောက်ပံ့ခဲ့ကြရာ လူမှုရေးရာဝန်ကြီးက အားပေးစကားများ ပြောကြားသည်။ ထိုနောက် လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်း က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အကျဉ်းထောင်ရှိ အကျဉ်းသူ ကိုယ်ဝန်ဆောင် (၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၅)ဦးတို့အား လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် (၄၅၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)