ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ(၁) ဖွင့်ပွဲ ငပလီမြို့၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ(၁) ဖွင့်ပွဲ ငပလီမြို့၌ကျင်းပ






MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ် ၊ ငပလီမြို့၌ ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ(၁) ဖွင့်ပွဲကို ငပလီ- မဇင်လမ်းမကြီး ဇီးဖြူကုန်းတံတားထိပ်ရှိ အဆိုပါအဆောက်အဦ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အမြွှာညီနောင်စာပေဆိုင်တာဝန်ခံ ဦးကျော်မင်းထွန်းက ဇွဲညီနောင်တည်းခို ရိပ်သာနှင့်  အမြွှာညီနောင်စာပေဆိုင်ခွဲ(၁)  ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားကာ စာအုပ်ဆိုင်အတွင်းလှည့်လည်ပြသပြီး  ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေဝါသနာရှင်များ ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များအား စာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ရေးသားခဲ့စာအုပ်များကို လက်ဆောင်အဖြစ်ပြန်လည် ချီးမြှင့် ပေးခဲ့ကြသည်။


အဆိုပါ အမြွှာညီနောင်စာပေဆိုင်ခွဲ(၁)ကို ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့ဇာတိဖြစ်သူ စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ်၏ မျိုးဆက်များက ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ အမွှာညီနောင်စာပေတိုက်ကို ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်ပြီး စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ်ကိုအမှူးပြု၍ တည်ထောင်ခဲ့ရာ အုပ်ရေ ၁၀၄ အုပ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်ပါကြောင်း ယခုလိုငပလီမှာစာအုပ်ဆိုင်ဖွင့်ရန် ယခင်ကပင် ရည်ရွယ်ချက် ရှိခဲ့ပြီး ဒေသခံပြည်သူစာပေဝါသနာရှင်များ အနေဖြင့်ယခင်က စာအုပ်တစ်အုပ် ဖတ်ရဖို့အတွက် အခက်အခဲရှိသလို ယခုအချိန်ထိ ခက်ခဲလျက်ရှိသည်ကိုတွေ့ရှိနေရပါကြောင်း ၊ သို့သော်အခုခေတ်ကာလမှာတော့မခက်နိုင်တော့ဟုထင်မြင်မိပါကြောင်း၊ ပြည်သူတွေကို စာဖတ်ပါ စာဖတ်ပါပြောနေမည့်အစား စာအုပ်တွေကိုစာဖတ်သူအနားကို ဘယ်လိုရောက်အောင် ပို့ရမည် ဟူသော စိတ်ကူးကို အကောင်အထည်ဖေါ်သည့်အနေဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အမွှာညီနောင် စာပေဆိုင်တာဝန်ခံ (ငပလီမြို့-ဂျိတ္တောဇာတိဖြစ်သူ) ဦးကျော်မင်းထွန်း က ပြောကြား သည်။ 


စာပေဝါသနာရှင်များအနေဖြင့် လိုအပ်လျက်ရှိသောစာအုပ်များကို  ငပလီမြို့ရှိ အမြွှာညီနောင် စာပေဆိုင်ခွဲ(၁)တွင် လာရောက်စာရင်းပေးဝယ်ယူပါက မူရင်းဈေးနှုန်းများ အတိုင်းမှာယူ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ဇွဲညီနောင် တည်းခိုရိပ်သာတွင်လည်း နှစ်ယောက်ခန်းများကို ဈေးနှုန်း သက်သာစွာဖြင့် လာရောက်တည်းခိုအနားယူနိုင်ကြောင်းကိုလဲ မန်နေဂျာ ဦးကျော်ရင်က ရှင်းလင်းပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)