ပုဂံမြို့မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံမြို့မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ





MNP ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ပုဂံမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့်ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်းမိုးမိုးစန်း (ဒုတိယညွှန်ကြား ရေးမှူး)က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အသက်သုံးနှစ်မှငါးနှစ်အရွယ်ကလေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးမှုရှိ စေရေးစနစ် တကျသင်ကြားပို့ချပေးခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိမ်းအမှတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘများအနေဖြင့် မိမိတို့ကလေးငယ်များ၏ အခွင့်အရေးများကို နားလည်သိရှိပြီး အနာဂတ်တိုင်းပြည်၏ အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်နိုင်မည့်ကလေးများဖြစ် လာစေရန် ပြုစုပျိုးထောင် ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ပုဂံမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်စိုးက အခမ်းအနားကျင်ပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသူများနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအား ကျေးဇူးတင်စကားပြောကြားပြီး ပုဂံမူလတန်းကြိုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပညာသင်ကြားတတ်မြောက်ပြီးသော ရင်သွေးငယ် ၈၀ ဦးအား ECCD(Certificate) ဂုဏ်ပြုလက်မှတ်များကို ညောင်ဦးခရိုင်/မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးဝင်း၊ ဒေါ်ဇာဇာဝင့်၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်မိုးမိုးစန်း (ဒုတိယညွှန်ကြားရေးမှူး)တို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း




 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)