မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်၏ ကုန်းတော်အနီးတွင် သာသနာအလုပ်အကျွေးပြုရတနာဆင်​တော်(၂)စီး အ​ဆောင်​တော်အပ်ပွဲမင်္ဂလာအခမ်းအနား တက်​ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်၏ ကုန်းတော်အနီးတွင် သာသနာအလုပ်အကျွေးပြုရတနာဆင်​တော်(၂)စီး အ​ဆောင်​တော်အပ်ပွဲမင်္ဂလာအခမ်းအနား တက်​ရောက်

 




MNP ၊ မတ်  ၁၇

မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်၏ ကုန်းတော်အနီးတွင် သာသနာအလုပ်အ​ကျွေးပြု ရတနာဆင်တော် အ​ဆောင်​တော်အပ်ပွဲ မင်္ဂလာအခမ်းအနားကို ​ယမန်နေ့က သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက် စေတီတော်မြတ်၏ ကုန်းတော်အနီးရတနာဆင်တော်ထားရှိ​နေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများတက်​ရောက်ခဲ့ကြသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ဝိနယပါဠိပါရဂူ(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ပရိတ်ရေ၊ ပရိတ်ပန်းနှင့် နံ့သာ(၉)မျိုး၊ အမွှေးနံ့သာဖလားများအား ဆက်ကပ်ခြင်း၊ ဆရာ​တော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းတို့​ဆောင်ရွက်ခဲ့ကြကာ အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်း(ငရုတ်သီးမှုန့်လုပ်ငန်း)မိသားစု ရတနာဆင်​တော် အ​ဆောင်​တော်၏ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။


ထို့​နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့မှ အနန္တရာယိကကမ္မဝါစာ ဖတ်ကြား​ပေးခဲ့ကြပြီး ဆရာ​တော်၊ သံဃာ​တော်များဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ အလှူရှင်များက သာသနာအလုပ်အကျွေးပြု ရတနာဆင်တော်နှင့် အဆောင်တော်အား ပရိတ်ရေနံ့သာ(၉)မျိုး၊ အမွှေးရည်များ ပက်ဖြန်း​ပေးခဲ့ကြပြီး သာသနာအလုပ်အကျွေးပြု ရတနာဆင်တော်အား အစာအဟာရများကျွေးမွေးခဲ့ကြကာ ဆရာတော်၊ သံဃာ​တော် အရှင်သူမြတ်များအား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)