MNP - မတ် ၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၄)ကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး Booster ထိုးနှံပြီးသူများအား(၅)ကြိမ်မြောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်(၆)ခုမှ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ရမ်းဗြဲမြို့၊ ပြည်သူ့ဆေးရုံဆေးထိုးစုရပ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်(၃)ခုလျှင်ဆေးထိုးစုရပ်တစ်ခုခွဲပြီး ဆေးရုံအတွင်း ဆေးထိုးနေရာနှစ်နေရာခွဲကာ ထိုးနှံပေလျက်ရှိသည်။ ၎င်းကာကွယ်ဆေးထိုးနှံထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ (၄)ကြိမ်မြောက် ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းစာရွက်များကို တိုက်ဆိုင်စစ်ဆေးခြင်း ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံရန်ရောက်ရှိလာကြသူများအား သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများပြုလုပ်ဆောင်ရွက်ပြီးမှ သာမန်အနအထားရှိသူများကိုသာ ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်၃၀ ခန့်အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိသည်။ ယခုထိုးနှံပေးသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဆေးအမျိုးအစားကို ဆေးတစ်လုံးလျှင်လူ(၅)ဦးနှုန်းဖြင့်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် (၄)ကြိမ်မြောက်ထိုးနှံပြီးသူ (၂၃၁၂)ဦးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment