အကြမ်းဖက်လှုံ့ဆော်သူ CDM ဆရာဝန်တစ်ဦးအား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ CDM ဆရာဝန်တစ်ဦးအား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်


MNP ၊ မတ်လ ၂၆ 

ရွှေဘိုမြိုနယ်တွင် အစိုးရဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူများအား ပြစ်မှုကျူးလွန်လာစေရန် စည်းရုံးလှုံ့ဆော်ကာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တရာခံ (၁)ဦးအား ၂၄-၃-၂၀၂၃ ရက်နေ့ က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

ရွှေဘိုမြို့နယ်နှင့် မန္တလေးမြို့တို့တွင် နေထိုင်လျက်ရှိပြီး ပြည်မြို့ ကုတင်-၅၀၀ ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်ထားသူ တရားခံ ဖြိုးလင်းအောင်(CDM ဆရာဝန်)အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၆၄) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ အသီးသီးဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)