MNP - မတ် ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ် စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂) ရက်နေ့တွင် ကျရောက်မည့် “တောင်သူလယ်သမားနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး နံရံကပ်စာစောင် များကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသည် သမိုင်းဦးကာလမှ ယနေ့တိုင်အောင် လယ်ယာစိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားများသည် နိုင်ငံသားတို့ စားသုံး ရန်အတွက် စပါး၊ ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးခြင်းဖြင့် တာဝန်ကျေခဲ့ပုံများ၊ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည် နှင့်အညီ တောင်သူဦးကြီးများရဲ့ ကျေးဇူးကိုလည်း မမေ့အပ်ပါကြောင်း၊ တောင်သူလယ်သမားနေ့သည် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုခြင်းဖြစ်၍ ပြည့်အင်အားဟု ခေါ်ဆိုထိုက်သော တောင်သူ လယ်သမားများ၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍ မြင့်မားတိုးတက်လာအောင် အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကာတွန်းပုံများကို ပြသထားရှိပြီး အသိပညာပေး နံရံကပ်စာစောင်တွင် ဒေသနေပြည်သူ များနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသ ထားကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment