အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌အခြေ ခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌အခြေ ခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊ မတ် ၃၀

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ ကြီးမှူး၍  အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ နှင့်လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်အချိန်ကလူထုအခြေပြုဗဟိုဌာန (Commu nity Cen tre)ခန်းမ၌ဆောင်ရွက်ခဲ့သည်။


       ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့်  မျိုး ဆက်သစ်ကျောင်းသား၊ကျောင်းသူ လူ ငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိ တ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသော ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗ ဟုသုတများကြွယ်ဝပြီး ဉာဏ်ရည်ထက် မြက်လာစေရန်၊အချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိလာစေပြီးအချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း ယခုလို နွေရာသီကျောင်း ပိတ်ရက်ကာလ ၌သားတို့သမီးတို့အနေဖြင့် အခြေ ခံအင်္ဂလိပ်စာသင်တန်းကိုလိုချင်စိတ်ရှိရှိနှင့်တက်ရောက်လာကြ သည့် အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သင်တန်းဖွင့်လှစ်နိုင်ရေးအ တွက်အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ကျော်လွှားကျင်းပရတဲ့အတွက်သင်တန်းကာလပြီးမြောက်သည်ထိ တက်ရောက်ကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အင်္ဂလိပ်စာဘာသာရပ်ကိုလူငယ်တိုင်းလေ့ လာသင်ယူတတ် မြောက်ထားသင့်သည့်ဘာသာရပ်ဖြစ် ၍အစွမ်းကုန်ကြိုးစားသင်ကြားပေးပေးကာအင်္ဂလိပ်စာနှင့်ပတ်သက်၍(၁၀ )ရက်တာကာလကိုထိထိရောက်ရောက်သင်ကြားနိုင်ရေး မှတ်မိလွယ်အောင်ကဗျာများဖြင့်ဆောင်ရွက်ပေးပါသော ဆရာမ ဒေါ်ထက်ထက်ထွန်းအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြော ကြား ခဲ့ပြီးလူငယ်အသိပညာပေးဟောပြောပွဲကိုဆက်လက်ကျင်းပခဲ့သည်။


ဆက်လက်၍မြို့နယ်ဦးစီးမှူးကသင်တန်းနည်းပြ ဆရာမဒေါ် ထက်ထက်ထွန်း အားပညာဒါနအ​ြဖစ်သင်ကြားပေးမှုအားအသိအမှတ်အဖြစ် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့်သင်တန်း သားများအားသင်တန်းစာအုပ်များလက် ဆောင်ပေးအပ်ရာသင်တန်သူများက လက်ခံ့ရယူခဲ့ကြောင်းသိရသည်။


    နွေရာသီကာလအတွင်းယနေ့ ဖွင့် လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို (၂၂-၃-၂၀၂၃) ရက်နေ့မှ(၃၀-၃ -၂၀၂၃)နေ့ထိ ရက်သတ္တ တစ်ပတ် ကျော်တစ်နေ့ နှစ်နာရီနှုန်းဖြင့်သင်ကြားခဲ့ရာသင်တန်း သား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)