ဘားအံခရိုင် Community Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံခရိုင် Community Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဆင်း





MNP ၊ မတ် ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် နွေရာသီ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံခရိုင် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများအချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းတွင် သင်တန်းသား/သူ ၄၄ ဦးကို ၂၀ ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း၊ အင်္ဂလိပ်စာအခြေခံမှတစ်ဆင့် ဆက်လက်တိုးတက်စေရန် အမြဲသင်ယူလေ့ကျင့်နေရန်လိုပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ အင်္ဂလိပ်စာနှင့်ပတ်သက်သောစာအုပ်များ၊ အခမဲ့ Wi-Fi စနစ်ဖြင့် Online တွင် မိမိသိလိုသော အကြောင်းအရာများကို အလွယ်တကူရှာဖွေဖတ်ရှုလေ့လာ၍ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်အောင် ကြိုးစားကြစေလိုကြောင်း၊ အခြေခံအင်္ဂလိပ်စာ (Grammar) သည် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနှင့်နားထောင်မှုစသည့် 4 Skill ကို  ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး ဆက်လက်၍ အမြဲသင်ယူ လေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အင်္ဂလိပ်စာ Grammar ရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု(၁)နှင့် အထူးဆု(၂) ရရှိကြသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းနည်းပြ များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။


ယင်းနောက် အင်္ဂလိပ်စာ Grammar သင်တန်းသူများက Justin Bieber ၏ Ghost သီချင်းဖြင့် သီဆို ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ သင်တန်းကာလအတွင်း ဆောင်ရွက်မှု မှတ်တမ်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၃/၂၀၂၃)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက  ရေနှင့်မြေသယံဇာတများကို အကျိုး ရှိစွာအသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်သီးစားမှ သုံးသီးစားထိ သီးထပ်သီးညှပ်များဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီအောင် တွန်းအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း ဆန်စပါးစားသုံးမှုဖူလုံပိုလျှံမှုရှိသော်လည်း စားသုံး ဆီနှင့်ပဲအမျိုးမျိုးစားသုံးမှုမှာ ဖူလုံမှုမရှိသေးသည့်အတွက် တိုးချဲ့စိုက်ပျိုးရန်လျာထားပြီး တစ်ဧက အထွက်နှုန်းတိုးတက်ရရှိရန်နှင့် စိုက်ဧကပြည့်မီးကျော်လွန်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ အထွက်တိုးမျိုးကို ရွေးချယ်စိုက်ပျိုးဖို့လိုပြီး တစ်ဧက ကောက်ကွက်၊ ကောက်ပင်အရေအတွက် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်ဖို့လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSMEs လုပ်ငန်း များ အားကောင်းလာအောင် ဆောင်ရွက်ဖို့လိုပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အကျိုးရှိရှိ ထိထိ မိမိအသုံးပြုရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ရန်နှင့် ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းပြန်တက်နိုင်ရန် မိဘ၊ ဆရာနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို မထိခိုက်စေဘဲ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ယာဉ်များ တရားမဝင်တင်သွင်းမှု၊ ရောင်းချမှု၊ စီးနင်းမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုပြီး မူဝါဒများနှင့်အညီ လုပ်ငန်းဆောင်ရွက် ကြစေလိုပြီး မှန်မှန်ကန်ကန်ဖြစ်ဖို့လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တင်ပြချက်များအပေါ် ထပ်ဆင့်ဆွေးနွေးခဲ့ကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက  သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြ ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)