MNP - မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အိမ်တွင်း ထွက်ငွေ လျော့နည်းစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ဘက်စုံသုံးဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်း အား ကျောင်းသူ ၁၅ ဦးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘတ်စုံသုံးဆပ်ပြာအဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆပ်ပြာအဆီ ပြုလုပ်နည်းကို လက်တွေ့ပြသ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် သင်တန်းသို့ တက်ရောက်လာသည့် ကျောင်းသူများအား ပြုလုပ်ပြီးသည့် ဆပ်ပြာဆီအား သောက်ရေသန့် ဘူးသေးတစ်ဘူးစီ လက်ဆောင်ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းသို့ တက်ရောက်လာသည့် ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment