အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်

18


MNP ၊ မတ် ၂၄

ကျောင်းသား၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာအလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးက မိမိတို့ဖတ်ရှုခဲ့သည့် စာအုပ်ပါအကြောင်းအရာများ၊  အဆိုပါ စာအုပ်ဖတ်ရှုခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများအကြောင်းကို ပြောကြားယှဥ်ပြိုင် ခဲ့ကြသည်။


ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


တင်တင်ချို

 https://t.me/MyanmarNationalPost

.com/img/a/


No comments:

Post a Comment

Donate and Support

Pages