MNP ၊ မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အရုပ်ဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရရှိကာ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment