MNP ၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်သူများ နေ့ထူးနေ့မြတ်များကိုသိရှိစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ညနေ ၃ နာရီက ပြသဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်စန်းကလျာခိုင်က နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ စာဖတ်ခြင်းမှ အသိပညာများရရှိကာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာဖတ်ဝါသနာရှင်များမှလည်း မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်စာပေများကိုတစ်နေရာထဲတွင် ဖတ်ရှုရခြင်းဖြင့် များစွာအကျိုးရှိကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြပွဲသို့တက်ရောက်လာကြသူများက စာအုပ်ပြပွဲနှင့် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသထားသော (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။
အဆိုပါ(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့် စာကြည့်တိုက်အသုံးပြုသူများ လာရောက်ကြည့်ရှုလေ့လာကြောင်း သိရသည်။
စန်းကလျာခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment