မော်လမြိုင်ခရိုင်၊ Community Centre ခန်းမ၌ အခြေခံပန်းချီပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ခရိုင်၊ Community Centre ခန်းမ၌ အခြေခံပန်းချီပြိုင်ပွဲ ကျင်းပ



MNP ၊ မတ် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက အခြေခံပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူလေးများက ပန်းချီစတင်ရေးဆွဲနေမှုများကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကျောင်းသူ/သား(၃၅)ဦး​ဖြင့် အကြီးတန်းနှင့်အငယ်တန်း(၂)မျိုးခွဲ၍ ဝင်ရောက်ယှဥ်ပြိုင် ရေးဆွဲခဲ့ကြောင်းသိရှိရသည်။


စည်သူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)