ဒဂုံမြို့နယ် ပြန်/ဆက်ရုံး Community Centre တွင် နွေရာသီအခြေခံပန်းချီရေး ဆွဲနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် ပြန်/ဆက်ရုံး Community Centre တွင် နွေရာသီအခြေခံပန်းချီရေး ဆွဲနည်းသင်တန်းဖွင့်လှစ်



MNP ၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းကို  ယမန်နေ့မွန်းလွဲ (၁) နာရီက ဒဂုံမြို့နယ် Community Centre ခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်ဦးစီးအရာရှိ ဒေါ်မေသန္တာက ကျောင်းသား၊​ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစ၍ သိရှိထားပြီး စနစ်တကျ ရေးဆွဲတတ်စေရန်၊ ကျောင်းသား​၊ ကျောင်းသူများ စာကြည့်တိုက်ကိုလာ​ရောက်အသုံးပြုကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်​ကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။                                         


ထို့​နောက်သင်တန်းဆရာ ဦးနွဲ့မြင့်သိန်းက ကျောင်းသား/​ကျောင်းသူများ နွေရာသီတွင်အကျိုးရှိ​သော အတတ်ပညာတစ်ခုခုကိုသင်ယူစေလိုကြောင်းနှင့် ပြန်/ဆက်ဦးစီးဌာနအနေနှင့် လူငယ်များအတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း ၊​နောင်လာမည့်နှစ်များတွင်လည်း ပိုမိုတိုးခဲ့၍ သင်တန်းများ ပူး​ပေါင်းပို့ချ​ဆောင်ရွက် သွားမည်ဖြစ်ပါ​ကြောင်း ပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းကို စတင်သင်ကြားပြသပေးခဲ့သည်။


အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၅) ရက် ကြာ နေ့စဉ် မွန်းလွဲ(၁)နာရီမှ (၃) နာရီအထိ သင်ကြားပြသပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၆)ဦး တက်ရောက်သင်ကြားခဲ့ကြ၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများနှင့်အတူ အအေးနှင့်ကိတ်မုန့်အဟာရတို့ကို နေ့စဉ်ထောက်ပံ့ကျွေးမွေးသွားမည်ဖြစ်ပါကြောင်း သိရသည်။


ကြည်ဇေသော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)