ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ




MNP ၊ မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန် မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေး ရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဦးအောင်သူ (Sky Net) က စာပေဖတ်ရှုမှုဆိုင်ရာ အသိအမြင်ဗဟုသုတများ အကြောင်းအားလည်းကောင်း၊ ဆရာ မိုးမှိုင်း (ပြင်ဦးလွင်)က လူနှင့်လူ့ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ ပန်းချီဆရာ ဦးမြင့်သန်းဦးက လူငယ်နှင့်ရိုးသားကြိုးစားမှု ၊ လူငယ်နှင့်ဝါသနာ စသည့် အကြောင်းအရာများ အားလည်းကောင်း  အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၇) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည် ဖြစ်ကာ ဆွေးနွေးဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ ၊ ပန်းချီ ၊ အားကစား ၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာစာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေ သိမှတ်ဖွယ်ရာများ စသည်တို့အား ရင်းနှီးနားလည် သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့ စိတ်ဝင်စားရာဘာသာရပ်များကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိစေမည် ဖြစ်ကြောင်းသိရသည်။


ထို့ပြင် ကျောင်းသားလူငယ်များ အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းအစီအစဉ် များအပြင် ဦးဆောင်နွေးနွေးသူများနှင့် ကျောင်းသား /သူများ အပြန်အလှန် မေးမြန်း/ဖြေကြား ပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ် များအတွက် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အထွေထွေ ဗဟုသုတများ တိုးပွါးလာစေမည် ဖြစ်ကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)