တောင်ငူမြို့ (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့ (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ



MNP ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသားတစ်ဦးက The place I would like to visit Bagan အင်္ဂလိပ် စကားပြောဖြင့် လည်းကောင်း၊ သင်တန်းသူတစ်ဦးက My daily life အား အင်္ဂလိပ်စကားပြောဖြင့် လည်းကောင်း သင်တန်းသားသင်တန်းသူများက Girl you my love နှင့် Sleeping Child သီချင်းတို့ဖြင့် သီဆိုတင်ဆက်ကြပြီး သင်တန်းဆင်းပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ(အခမဲ့)သင်တန်းတွင်  ဆရာဦးသန့်ဇင် (Free Lance Teacher)က Speaking ၊ ဆရာဦးစောဂျရုန်းက Grammar နှင့် Letter Writing တို့ကို သင်ကြားခဲ့ပြီး အခြေခံပန်းချီသင်တန်းတွင် ပန်းချီဆရာဦးစိုးမြင့်လေး(တောင်ငူ)မှအခြေခံပန်းချီပညာရပ်များကို သင်ကြားပြသခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို ၁၃-၃-၂၀၂၃ ရက်နေ့မှ ၂၄-၃-၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)