ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် နွေရာသီအခြေခံ အင်္ဂလိပ်စာ(အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် နွေရာသီအခြေခံ အင်္ဂလိပ်စာ(အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ





MNP ၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အဖွင့်အမှာစကားပြောကြားပြီး၊   သင်တန်း နည်းပြများဖြစ်ကြသည့်  ဆရာဦးသန်းဌေးဇော်၊ ဆရာဦးမြင့်မောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်တို့က သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ဆုများချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုး ရှိစွာဖြင့် အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ သင်တန်းကို ၁၅.၃.၂၀၂၃ ရက်နေ့မှ ၂၅.၃.၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ ခြင်းဖြစ်ပြီး၊ အဆိုပါ အခမ်းအနားသို့ စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး)၊ ဦးရဲမင်းစိုး (တရားလွှတ်တော်ရှေ့နေ) စာရေး ဆရာမောင်မောက်(ဝတ်လုံ)၊ သင်တန်းနည်းပြများ၊  စာရေးဆရာမမေမြတ်စန္ဒာ၊ စာရေးဆရာမ လမင်းအိမ်၊ ​မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူ(၂၁)ဦးနှင့် မိဘပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


အိရွှေစင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)