အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌အခြေ ခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌အခြေ ခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်




MNP ၊ မတ် ၂၅

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ ကြီးမှူး၍  အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့ နေ့လယ်အချိန်ကလူထုအခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။


       ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့်  မျိုး ဆက်သစ်ကျောင်းသား၊ကျောင်းသူ လူ ငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိ တ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသော ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗ ဟုသုတများကြွယ်ဝပြီး ဉာဏ်ရည်ထက် မြက်လာစေရန်၊အချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိလာစေပြီးအချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း  ယခုလို နွေရာသီကျောင်းပိတ် ရက်ကာလ ၌သားတို့သမီးတို့အနေဖြင့် အခြေ ခံအင်္ဂလိပ်စာသင်တန်းကိုလိုချင်စိတ်ရှိရှိနှင့်တက်ရောက်လာကြ သည့် အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သင်တန်းဖွင့်လှစ်နိုင်ရေးအ တွက်အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ကျော်လွှားကျင်းပရတဲ့အတွက်သင်တန်းကာလ ပြီးမြောက်သည်ထိတက်ရောက်ကြစေလိုကြောင်းပြောကြား ခဲ့သည်။ 


     ဆက်လက်၍သင်တန်းနည်းပြ ဆရာမ ဒေါ် ထက်ထက်ထွန်းမှ အင်္ဂလိပ်စာဘာသာရပ်ကိုလူငယ်တိုင်းလေ့ လာသင်ယူတတ်မြောက်ထားသင့်သည့်ဘာသာရပ်ဖြစ်၍အစွမ်းကုန်ကြိုးစားသင်ကြားပေးမည်ဖြစ်၍ သင်ကြားစဥ်ကာလ၌ စိတ်ပါဝင် စားစွာထိထိရောက်ရောက် လေ့ လာသင်ယူ ကြစေလိုကြောင်းပြောကြားခဲ့ သည်။


    နွေရာသီကာလအတွင်းယနေ့ ဖွင့် လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို (၂၄-၃-၂၀၂၃) ရက်နေ့မှစ၍ရက်သတ္တ တစ်ပတ် တစ်နေ့ နှစ်နာရီ်နှုန်းဖြင့်သင် ကြားပို့ချပေးသွားမည်ဖြစ်ပြီး လက်ရှိသင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)