MNP ၊ မတ် ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ယနေ့ကျရောက်သော (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်ကပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် "ဒီနေ့ သားတို့သမီးတို့ကို ပြိုင်ပွဲပြုလုပ်ပေးခြင်းဟာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်တွေကို သိရှိပြီး လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် စာဖတ်စွမ်းရည်တွေ မြင့်မားလာနိုင်စေရန်၊ ကျောင်းသင်ခန်းစာတွေအပြင် ဗဟုသုတဖြစ်ဖွယ်စာအုပ်တွေကိုပါ ဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေဖို့ဆောင်ရွက်တာဖြစ်တယ်" ဟု ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းတက်ရောက်နေကြသော သင်တန်းသား (၂၃) ဦးတို့က သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၄၈) အမှတ်(၁၂)၊ အတွဲ(၄၉)အမှတ်(၁၁)နှင့် အမှတ်(၁၂) စာအုပ်များတွင်ပါရှိသော လူငယ်ရေးရာကဏ္ဍ ဆိုင်ရာအကြောင်းအရာများဖြင့် စာဖတ်စွမ်းရည် ယှဥ်ပြိုင်ခဲ့ကြပြီး စာဖတ်စွမ်းရည် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မချမ်းဘော့မြို့နယ်ရုံးအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ၊သင်တန်းများကို အစဥ်သဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယောရွှေနီ
https://t.me/MyanmarNationalPost
No comments:
Post a Comment