Facebook ပေါ်မှ အကြမ်းဖက်အားပေး လှုံ့ဆော်သူများအား ဥပဒေအရ ဖမ်းဆီးထိန်းသိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Facebook ပေါ်မှ အကြမ်းဖက်အားပေး လှုံ့ဆော်သူများအား ဥပဒေအရ ဖမ်းဆီးထိန်းသိမ်း




MNP ၊ မတ် ၃၀ 

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ မပြုလုပ်ကြရန် သတင်းမှန် ပြန်ကြားရေးက နေ့စဉ်ထုတ်ပြန်လျက်ရှိပါတယ်။

ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သော အိသူဇာနိုင်သည် လူမှုကွန်ယက်ပေါ်တွင် အများပြည်သူများ အထင်အမြင်လွဲမှားစေရန်  မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တရားခံ အိသူဇာနိုင်အား ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းနှင့်အတူ အထောက်အထားများနှင့်တကွ စစ်ဆေးသိရှိရသဖြင့် ဖမ်ဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ ရွှေဘို-ကျောက်မြောင်းကားလမ်းအနီး စစ်ဆေးရေးဂိတ်တွင် ပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်များ စစ်ဆေးဆောင်ရွက်နေစဉ် မင်းကျောင်းကျေးရွာဘက်မှ ရွှေဘိုမြို့အတွင်းဘက်သို့ လမ်းလျှောက်လာသည့် နွယ်နွယ်မိုး(ခ) နန်းနွယ်အား စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လှုံ့ဆော်ရေးသားဖြန့်ဝေထားကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ထို့အတူ ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် PDF ပဒက်များနှင့် ပတ်သက်ဆက်နွယ်နေသူ ၁ ဦး ရှိကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ နွယ်နွယ်ဦး အားတွေ့ရှိ၍ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ PDF ပဒက်များနှင့် Messenger ဖြင့် ပြောဆိုဆက်သွယ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG၊ PDF နှင့် ဆက်နွှယ်သူများ၏  အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)