ခရမ်းမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး


MNP ၊ မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့်‌ ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်နှင့်ခွင့်ပြုမဲ့စားသောက်ကုန်များ ရောင်းချမှုမရှိစေရန်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။   


အဆိုပါစစ်ဆေးခြင်းကို ခရမ်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ်တာဝန်ခံဒေါ်ကျော့ကေခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့မကျန်းမာရေးမှူးနှင့်ဝန်ထမ်းများကပူးပေါင်း၍ ဆေးမျိုးစုံရောင်းချသောစျေးဆိုင်များတွင် ဂျာမနီနိုင်ငံထုတ် pavrinex  IV/HV  Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် (FDA)၏ထောက်ခံချက်နှင်အညီ တရားဝင်ခွင့်ပြုရောင်းချခွင့်ပေးထားသော်လည်း ယခုအခါဈေးကွက်အတွင်းအစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No မပါရှိသည့်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရသဖြင့် ခရမ်းမြို့နယ်အတွင်းရှိဆေးမျိုးစုံရောင်းချသည့် ဈေးဆိုင်များတွင် အဆိုပါခွင့်ပြုမဲ့ဆေးဝါးများအား ရောင်းချခြင်းရှိ/မရှိစစ်ဆေး၍ တရားမဝင်ကုန်စည်များ၊ သက်တမ်းလွန်ဆေးပစ္စည်းများရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)