လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၅) ကျင်းပ


MNP   -   မတ် ၃

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဝန်ထမ်းများ၏ ဗဟုသုတကျွမ်းကျင်စေရုံ သာမက အသိပညာ၊ အတတ်ပညာများ တိုးပွားလာစေရေးနှင့် စွမ်းဆောင်ရည်တိုးတက်လာစေရေးအတွက် အပတ်စဉ်သောကြာနေ့တိုင်းစကားဝိုင်း (Friday Talk) ကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် အုပ်ချုပ်ရေးကိုသာမက ပညာရပ်ဆိုင်ရာများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ရာထူးအဆင့်ဆင့်အလိုက် ဆက်လက်လုပ်ဆောင်ရမည့် တာဝန်များနှင့် ဂရုပြုသိရှိထားရမည့်ကိစ္စရပ်များကို သဘောပေါက်ရန်လိုအပ်ပါကြောင်း၊ အမှုထမ်း၊ အရာထမ်းများအနေဖြင့် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနများ၏ လုပ်ငန်းများကို ဆက်စပ်သိရှိထားခြင်းဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အားစိုက်မှု၊ ခံယူမှုတို့ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်ဆိုင်ရာများကို သိရှိနားလည်ကျွမ်းကျင်ပြီး နိုင်ငံတကာအစည်းအဝေးများတွင် ထိထိ ရောက်ရောက် ဆွေးနွေးနိုင်သူများဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအစည်းအဝေးနှင့် ပြည်ပနိုင်ငံ များသို့ ပညာသင်များသွားရောက်ရာတွင် အမြဲတမ်းကိုယ့်နိုင်ငံဆိုသည့်စိတ်ဓာတ်ဖြင့် နိုင်ငံကိုကိုယ်စား ပြုသွားရောက်ရခြင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။


ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇)နှင့် MyCo : Myanmar Company Online ၏ လေးနှစ်တာကာလအတွင်း တုံ့ပြန်မှုများနှင့်စပ်လျဉ်း၍ “ Reflection on 4 years of the Myanmar Companies Law & MyCo: Myanmar Company Online” ဟူသော ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားကြသည်။


ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများ Online အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)