MNP - မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့်တွင် (Grade-5) နှင့် အလယ်တန်းဆင့်တွင် (Grade-9) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့အထိ ဘာသာစုံဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁) ကျောင်း၊ မူလတန်း လွန်ကျောင်း (၆)ကျောင်းနှင့် မူလတန်းကျောင်း(၃၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၄၂) ကျောင်းမှ (Grade-5)တွင်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူပေါင်း (၃၄၉)ဦးနှင့် (Grade-9) တွင်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၇)ဦးတို့သည် နှစ်ဆုံးစာမေးပွဲကို နောက်ဆုံးဘာသာအထိ ပျက်ကွက်မရှိ အောင်မြင် အေးချမ်း ပျော်ရွင်စွာ ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment