ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ Grade-9 အတန်း နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ Grade-9 အတန်း နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး


MNP   -   မတ်   ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ အလယ်တန်းဆင့် (Grade-9) အတန်းများ  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် နှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ  ၂၂ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ (မတ် ၁ ရက်) နံနက်  ၁၁ နာရီတွင် ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။


ကံမမြို့နယ်အတွင်း အလယ်တန်းကျောင်း(၆)ကျောင်း၊  အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ(၃)ကျောင်းတို့တွင်  အလယ်တန်းဆင့် (Grade-9)အတန်း ကျောင်းသား(၂၇၉)ဦး ကျောင်းသူ (၃၀၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၈၃)ဦး အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ပြီကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)