မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်ခွင့် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်ခွင့် အသိပညာပေး ဟောပြောပွဲကျင်းပ


MNP   -   မတ်   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်ခွင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် နေ့လယ် ၁၂ နာရီအချိန်တွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ (မြို့မ)၌ ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ် ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဦးအောင်မင်းက ယမန်နေ့ နံနက်ပိုင်းတွင် Grade-9 ကျောင်းသား/သူများ ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတများပိုမို တိုးတက်စေရန်အတွက် စာအုပ်စာစောင်များ အဆက်မပြတ်ဖတ်ရှုလေ့လာရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရန် ရှင်းလင်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူ နိုင်ခွင့် အသိပညာပေး ဆက်လက်ဟောပြောခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲ (မြို့မ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နော်မှိုင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)