MNP - မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်း ဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၂)နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(လဲချား) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်က အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ လေ့လာသင်ယူခွင့်ဆိုင်ရာများနှင့် အခွင့်အလမ်းများ စသည်တို့ကို အသေးစိတ်အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ (Grade-9) ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment