အခြေခံပညာအထက်တန်းကျောင်း၌ (Grate-9) ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများအား စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းကျောင်း၌ (Grate-9) ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများအား စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP   -   မတ်   ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်သင်ယူလေ့လာနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ကျင်းပခဲ့သည်။


ပထမဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေလီမြင့်က အဖွင့်အမှာစကားပြောကြား ပေးပြီး ဘောလခဲမြို့နယ် ပညာရေးမှူး ဒေါ်နိုင်နိုင်ဦးမှ စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်လေ့လာ သင်ယူနိုင်ရေး အသိပညာပေး ပြောကြားရာတွင် ကယားပြည်နယ်တွင် စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်သင်တန်း ကျောင်းကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ (Grate-9)ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲ အောင်စာရင်း ထွက်ရှိလာပါက ထူးချွန်ကျောင်းသားနှင့် အမှတ်(A) အဆင့်ဝင် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားပါက တက်ရောက်လေ့လာသင်ယူပြီး ဘဝတက်လမ်း အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းတွင် စက်မှုလက်မှု ပညာရပ်ဘာသာ၊ စိုက်ပျိုးဘာသာရပ်နှင့် မွေးမြူရေးဆိုင်ရာ ဘာသာရပ်များအား တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ထူးချွန်အောင်မြင်ပါက တက္ကသိုလ်အဆင့် တက်လမ်းသင်ယူခွင့်ရရှိမည်ဖြစ်ပြီး လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ကို လက်ခံ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယခုလို ကျောင်းသားနှင့် မိဘများအား ခေါ်ယူတွေ့ဆုံ အသိပညာပေးရခြင်းမှာ အနာဂတ် ကျောင်းသား/သူများ၏ အခွင့်အရေးတစ်ရပ်ကို မိဘများပါ သိရှိပြီး နားလည်သဘောပေါက် သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုနောက် တက်ရောက်လာကြသော ကျောင်းသား/သူများ မိဘများက  သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းပြီး တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား လူငယ်များနှင့် မိဘများမှ မေးမြန်းဆွေနွေး တင်ပြခြင်းကို မြို့နယ်ပညာရေးမှူးက လူငယ်မောင်မယ်များနှင့် ကျောင်းသားမိဘများ သိရှိလိုသော အချက်များအား ပြည့်စုံစွာ ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။


ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို မြို့နယ်ပညာ ရေးမှူး၊ အထက်တန်းကျောင်းအုပ်ဆရာမကြီး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားနှင့် မိဘများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)