KKO(ခွဲထွက်) အဖွဲ့နှင့် NUG, CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မြဝတီကုန်သွယ်ရေးဇုန်အား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဝန်ထမ်းတစ်ဦး နှင့် ဒေသခံပြည်သူတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KKO(ခွဲထွက်) အဖွဲ့နှင့် NUG, CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မြဝတီကုန်သွယ်ရေးဇုန်အား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဝန်ထမ်းတစ်ဦး နှင့် ဒေသခံပြည်သူတစ်ဦး သေဆုံး







MNP ၊ မတ် ၂၆

KKO(ခွဲထွက်) အဖွဲ့နှင့် NUG, CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မြဝတီကုန်သွယ်ရေးဇုန်အား ယမန်နေ့က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဝန်ထမ်းတစ်ဦး နှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့ နံနက် ၆နာရီခွဲခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ(၂၀၀)ခန့်အကွာမှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွါထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)