ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာတိုက်ပွဲတွင် KNDF/PDF များ၏ အလောင်းနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာတိုက်ပွဲတွင် KNDF/PDF များ၏ အလောင်းနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ





MNP ၊ မတ် ၁၇

ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာအနီးတွင် မတ်လ ၁၅ ရက်နေ့တွင် ပအို့ဝ်နယ်မြေအတွင်းသို့ ကယားလက်နက်ကိုင် သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပင်လောင်းမြို့နယ် နန့်နိမ့်ကျေးရွာအနီး၌ KNDF/PDF  အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KNDF ဘက်တံဆိပ်ပါ အကြမ်းဖက်သမား အလောင်း (၂)လောင်း ရရှိခဲ့ပြီး  လက်နက် (၂) လက်၊ ကျည်အိမ် (၈)ခု၊ ကျည်မျိုးစုံ (၁၈၆)တောင့်၊ ဗုံးသီး (၂) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

KNDF/PDF အကြမ်းဖက်သမားများသည် ၁၁-၃-၂၀၂၃ ရက်နေ့က ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ပါ သံဃာ(၃)ပါးနှင့် ပအိုဝ်းဒေသခံ (၂၀)ကျော် ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)