မာန်အောင်မြို့နယ်၌ ရေကြောင်းခရီးသွား ပြည်သူများအားLife Jacketဝတ်ဆင်တတ်စေရန်သရုပ်ပြသခြင်းနှင့်ရေယာဥ်မီးဘေးလုံခြုံရေးစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မာန်အောင်မြို့နယ်၌ ရေကြောင်းခရီးသွား ပြည်သူများအားLife Jacketဝတ်ဆင်တတ်စေရန်သရုပ်ပြသခြင်းနှင့်ရေယာဥ်မီးဘေးလုံခြုံရေးစစ်ဆေး

68

69

70

71


MNP ၊ မတ် ၃၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရေကြောင်းခရီးသွားပြည်သူများအား ရေဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက်အသက်ကယ်အင်္ကျီ(Life Jacket)ဝတ်ဆင်တတ်စေရန် သရုပ်ပြသခြင်းနှင့်ရေယာဥ်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်၉နာရီခွဲက မြို့မ သင်္ဘောဆိပ်ကမ်းရှိ တောင်ကုတ်နှင့် မာန်အောင် ပြေးဆွဲနေသော ရှပ်ပြေး အမြန်ရေယာဥ် ပေါ်၌ ပြုလုပ်ခဲ့သည်။


   ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်း၊ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူး မောင်မောင်ဖြူနှင့်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေကြောင်းခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ(Life Jacket)ဝတ်ဆင်ပုံ ဝတ်ဆင်နည်း များကို စနစ်တကျဝတ်ဆင်သရုပ်ပြသခဲ့သည်။


     ထို့နောက် ရေယာဥ်မီးဘေးလုံခြုံရေး အတွက် ရေယာဥ်ပေါ်တွင် မီးသတ်ဆေးဘူးများ ထားရှိ/မရှိစစ်ဆေးခဲ့ပြီးမီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို စနစ်တကျပြသ ဆွေးနွေးခဲ့သည်။


   မာန်အောင်မြို့နယ်တွင် အလားတူLife Jacketဝတ်ဆင်သရုပ်ပြသခြင်းနှင့်ရေယာဥ်မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို သစ်ဝကျေးရွာအုပ်စု၊သစ်ဝဆိပ်ကမ်းတွင်လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages