ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး





MNP ၊ မတ် ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေး စား စက်မှုလက်မှုလုပ်ငန်းများအား မီးဘေး လုံခြုံရေး စစ်ဆေး ခြင်းကို  ယနေ့နံနက်ပိုင်းက မြေပြင် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။  


ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များ က မြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊  မီးလန့်မှု မ ဖြစ်ပွားစေရေး နှင့်   မတော်တဆ  မီးလောင်မှု ဖြစ်ပွားပါကလည်း ၊ မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရေး အတွက်  အသုံး ပြုလျှက်ရှိသည့် လျှပ်စစ်ဝါယာ ကြိုးများအား စနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် ၊ လျှပ်စစ် ဝါယာ ကြိုး များ ဟောင်းနွမ်းနေပါက  တတ်ကျွမ်းနားလည်သူ များ နှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန် ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ်ဆေးဘူးများ  ဆောင်ရွက်ထားရှိစေရေး၊ မီးဘေး မပေါ့ဆကြရန် နှင့်  မီးသတ်ဦးစီးဌာနမှ သတ် မှတ်ထားသော စည်းကမ်းချက်များ နှင့် ကိုက်ညီမှု ရှိမရှိ  ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေး ဘူးများ ထားရှိ အသုံးပြုတတ်စေရေး တို့ကို အကြုံ ပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။  


သက်လွင်စိုး

 https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)