NLD ပါတီ ပျက်သုဉ်းခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD ပါတီ ပျက်သုဉ်းခြင်း


အင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ NLD ပါတီဟာ (၂၈-၃-၂၀၂၃) ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အရ အလိုအလျှောက် ပျက်ပြယ်တဲ့ စာရင်းမှာ ဖော်ပြခြင်းခံလိုက်ရပြီ ဖြစ်ပါတယ်။ ဥပဒေကို နားလည်တဲ့ သူတိုင်းကတော့ ဒီလိုကြေညာချက်မထွက်လာရင်လည်း အလိုအလျှောက် ပျက်ပြယ်တဲ့ ဆိုတဲ့ သဘောကို နားလည်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၂၅) မှာ - "နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂/၂၀၁၀) အရ တည်ရှိနေသောပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀အတွင်း ကော်မရှင်သို့ ဤဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။" ဆိုတဲ့ ပြဋ္ဌာန်းချက်အရ ရက်ပေါင်း (၆၀) ပြည့်တဲ့ ၂၈-၃-၂၀၂၃ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြေညာချက်မထုတ်လည်းပဲ အလိုအလျှောက်ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

တကယ်တော့ NLD ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းခြင်းဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သလို တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားရသည့် ကာလတလျှောက်မှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် ရယူရန်ကြိုးပမ်းအားထုတ်လာကြပြန်ပါတယ်။ အာဏာလက်မဲ့ ဖြစ်ပြီး လပိုင်းအတွင်းမှာပဲ NLD ပါတီ ဦးဆောင်သူတွေက CRPH, NUG ဆိုတဲ့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကို ထပ်မံဖွဲ့စည်းစေပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်မှာ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြသလို NLD ပါတီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေက နိုင်ငံတော်ပိုင်အဆောက်အဦများ၊ လမ်းတံတားများကို ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဆုံးရှုံးခဲ့ရတာတွေလည်း များလှပါပြီ။

CRPH, NUG, PDF အဖွဲ့တွေကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ မကြေညာမီနဲ့ ကြေညာပြီးချိန်မှာ သဘောသဘာဝက လုံးဝမတူညီတော့ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ CRPH, NUG, PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာပြီးချိန်မှာ NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၀၇(ခ) ကို ချိုးဖောက်တဲ့ ပါတီတစ်ခု ဖြစ်သွားပါပြီ။ ထိုစဉ်ကတည်းက နိုင်ငံရေးပါတီတစ်ခုအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ပါဘူး။ 

ပုဒ်မ ၄၀၇။  နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ -

(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊

(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊

(ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊

(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း။


အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇(ခ) ကို NLD ပါတီက တိုက်ရိုက်ချိုးဖောက်နေခြင်း ဖြစ်ပေမယ့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကာလရှည်ကြာ သည်းခံပြီး အပြုသဘောဆန်ဆန် ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းမှာလည်း NLD ပါတီဟာ ပုဒ်မ ၄၀၇(ဂ) နဲ့ ငြိစွန်းနေပါတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ နစက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာများမှာ NLD ပါတီကို ဖျက်သိမ်းဖို့ မေးခွန်းထုတ်ခဲ့ခြင်းဟာ ပုဒ်မ ၄၀၇(ခ) ကို ချိုးဖောက်နေပြီဖြစ်တဲ့အတွက် ဖျက်သိမ်းဖို့ မေးခွန်းထုတ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။


နစကအစိုးရအနေနဲ့တော့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့သမျှ အစိုးရများထဲမှာ စိတ်ရှည်ရှည်နဲ့ သည်းခံမှု အမြင့်ဆုံးထားတဲ့ အစိုးရလို့ ဆိုရင်လည်း မမှားပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနနဲ့ နိုင်ငံရေးပါတီများကို စစ်ဆေးစဉ်အခါကလည်း NLD ပါတီအနေနဲ့ စစ်ဆေးမှုမခံခဲ့ဘူး။ အရေးယူခြင်း မရှိပါဘူး။


ဒီဆောင်းပါးကို ရေးသားဖော်ပြခြင်းက မြန်မာ့သမိုင်းမှာ အဆိုးရွာဆုံးသေ မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့သော နိုင်ငံရေးပါတီကြီး၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခဲ့သော နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပျက်သုဉ်းခြင်းကို သမိုင်းမှတ်တမ်းလေးမှ တင်မပေးလိုက်နိုင်ရင် တာဝန်မကျေဘူးလို့ ခံစားမိတဲ့အတွက် ရေးသား ဖော်ပြခြင်းဖြစ်ပါတယ်။


ဒီနေရာမှ ဖြည့်စွက်ဆွေးနွေးရမှာကတော့ NLD ပါတီမှာ အကြမ်းဖက်မဖက်လမ်းစဉ်အတိုင်း ရပ်တည်နေကြသူများရော မရှိဘူးလားလို့ မေးရင် ထွက်ပေါ်လာတဲ့ အသံတွေအရ ရှိတော့ ရှိပါရဲ့။ ရှိတဲ့သူတွေအနေနဲ့ကလည်း အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေအပေါ် ကြောက်ကြပါတယ်။ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြသူများမှာ ဒီမိုကရေစီစံနှုန်းများကို အလေးထားဖို့ ဝေစွ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဝေးစွ။ သူတို့ရဲ့ လမ်းစဉ်နောက်ကို မလိုက်တဲ့သူမှန်သမျှအပေါ်မှာ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကြောက်ကြခြင်းပဲ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အရည်ခြုံပြီး သမိုင်းကြောင်းတစ်လျှောက် အဆိုးရွားဆုံး၊ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းခဲ့တဲ့ NLD ပါတီအနေနဲ့ အာဏာလက်ရှိဖြစ်နေတဲ့ ကာလမှာလည်း မလုပ်သင့်တာတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် လို့ ပြဋ္ဌာန်းထားပါတယ်။ NLD ပါတီက အာဏာလက်ရှိဖြစ်နေတဲ့အချိန်မှာ ဆရာတော်သံဃာတော်များ ဖွဲ့စည်းထားတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မသဘ) အဖွဲ့ကြီးကို ပစ်မှတ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ ဖျက်ဆီးဖို့ အဓမ္မလုပ်ဆောင်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖန်တီးလုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့ ထိုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်အပေါ် ပြတ်သားစွာ တုန့်ပြန်သင့်မှန်း သိပါလျက်နဲ့ ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေလိုတဲ့အတွက် ဆရာတော်ကြီးများက ခေါင်းငုံ့ခံပေးခဲ့ကြပါတယ်။ 

နိုင်ငံရေးအစွန်းရောက်တွေက တူသောအကျိုးပေးတယ်ဆိုတဲ့ အပေါ်မှာ သံသယ ရှိကောင်း ရှိပါလိမ့်မယ်။ စာရေးသူကတော့ ခြွင်းချက်မရှိ ယုံကြည်လက်ခံထားသူ တစ်ဦးပါ။ NLD ပါတီအနေနဲ့ မယုတ်မာသင့်မှန်း သင့်ပါလျက်နဲ့ နိုင်ငံခြားသား အကြံပေးတွေရဲ့ အကြံပြုချက်များကို လိုက်ပါဖော်ဆောင်ရင်း ကိုယ့်အမျိုးကိုယ်တိုင်ဖျက်ဆီးတဲ့ အမျိုးယုတ်တွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပါတယ်။

NLD ပါတီ ပျက်သုဉ်းခြင်းဟာ ဘယ်သူကမှ NLD ပါတီကို အဓမ္မဖျက်သိမ်းခြင်း၊ အကြမ်းဖက်နည်းလမ်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ရပ်တည်ဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့်သာ ပျက်သုဉ်းရခြင်း ဖြစ်ပါတယ်။ အကြမ်းဖက်လမ်းစဉ်နောက်ကို မလိုက်ဘူးဆိုတဲ့ NLD ပါတီက ပုဂ္ဂိုလ်တချို့အနေနဲ့လည်း ဆက်လက်ရပ်တည်ဖို့ ဆောင်ရွက်ခဲ့မယ်ဆိုရင် CRPH, NUG တို့ရဲ့ လှုံ့ဆော်မှုနဲ့အတူ PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်စစ်ဆေးခြင်းကို ခံရတဲ့အခါ တရားမဝင် ငွေကြေးစီးဆင်းမှုတွေက ထပ်မံ အရေးယူခံရနိုင်တဲ့ အခြေအနေမျိုးတွေကို တွက်ဆမိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ  (၂၀၂၃) ပုဒ်မ (၃) အရ အသစ်တည်ထောင်ခွင့်လည်း ရှိနေပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဆိုတဲ့ အမည်နဲ့ ထပ်မံလျှောက်ထားနိုင်ခွင့် ရှိနေပြန်ပါတယ်။ ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ အဲဒီအမည်နဲ့ လျှောက်ထားခဲ့မယ်ဆိုရင်လည်း ကျိန်စာသင့် အမည်နာမတစ်ခုကို အကြောင်းပြုပြီး ရန်လိုအမုန်းပွားမှုတွေ ပေါ်ပေါက်လာအုံးမှာပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ အဆိုးရွားအရက်စက်ဆုံးသော နိုင်ငံရေးပါတီ NLD ကတော့ ယနေ့ (၂၉-၃-၂၀၂၃) ရက်နေ့မှစ၍ ပျက်သုဉ်းခြင်းသို့ ရောက်ပေပြီ။ NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ပျက်သုဉ်းခြင်းကို ဆက်လက်စောင့်မျှော်ကြည့်ရှု ခံစားကြပါအုံးစို့ ။   ။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)