တမူးမြို့နယ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိပြီး အကြမ်းဖက်စခန်းများကို ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့နယ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိပြီး အကြမ်းဖက်စခန်းများကို ရှင်းလင်းဖယ်ရှား


MNP ၊ မတ် ၂၆

တမူးမြို့နယ်၊ ကွန်းတောင်းရွာအနီးတွင် PDF အကြမ်းဖက်သမားများသည် ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းအရ ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးအဖွဲဝင်များမှ TPDF တပ်ရင်း (၁) စခန်းအား စစ်ဗျူဟာမြောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စခန်းများ ရှာဖွေရှင်းလင်းရာ  PDF အကြမ်းဖက်သမား ၂ဦး အသေဖမ်းဆီးရမိပြီး M-22 သေနတ် ၁ လက်၊ ဂိတ်တဲ (သွပ်မိုး) ၁ လုံး၊ ကင်းတဲ (သဲအိတ်/ကားတာယာဖြင့်ကာ) ၂ လုံး၊ ၄ ယောက်အိပ်တဲ (သွပ်မိုး) ၁ လုံး၊ ၅ ယောက်အိတ်တဲ (မိုးကာမိုး) ၅ လုံး၊ ၈ ယောက်အိပ်တဲ (မိုးကာမိုး) ၃ လုံး၊ ၁၅ ယောက်အိပ်တဲ(သွပ်မိုး) ၁ လုံး၊ ရိက္ခာဂိုဒေါင်တဲ ၁ လုံး၊ ရှင်းလင်းဆောင်(မိုးကာတဲ) ၁ လုံး၊ ၂၀ ယောက်အိပ် (မိုးကာတဲ) ၂ လုံး၊ ရုံးခန်းအဆောက်အဦ(သွပ်မိုး) ၁ လုံး၊ စားဖိုဆောင် (မိုးကာတဲ) ၁ လုံး၊ ထမင်းစားဆောင် (မိုးကာတဲ) ၁ လုံး၊  လက်နက်တိုက် (သွပ်မိုး၊ သံဇကာ အကာ) ၁ လုံး၊ ဆေး အဝတ်အစားနှင့် မုန့်ဆိုင် ၁ လုံး၊ မြေကျင်းသစ်လုံးမိုး ဘန်ကာ(ကားတာယာတင်ထား) ၁၂ လုံး၊  ၂ ယောက်ပစ်ကျင်း ၁၂ ကျင်း၊ ရေစည် ၄ လုံး၊ ဆိုင်ကယ်မျိုးစုံ ၉ စီး၊ ဆက်သွယ်ရေးမြောင်း ၁ ခု၊ လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ ကား ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၁၀နာရီခွဲခန့်တွင် အနီးဝန်ကျင်ရှိ နေရာများအား အသေးစိတ်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်စခန်းတစ်ခု ထပ်မံတွေ့ရှိရပြီး အကျယ် ၁၅ ပေ၊ အနံ ၂၀ ပေရှိ (အချုပ်ခန်း) ၂ခန်း၊ (ရှင်းလင်းဆောင်) ၁ လုံး၊ ၅ ယောက်အိပ်လူနေတဲ ၂ လုံး၊ ၁၅ ပေ ပတ်လည်၊ (ဗုံးခိုကျင်း) ၁  ကျင်း၊ ၁ ယောက်ပစ်ကျင်း ၁၂ ကျင်း၊ ဆက်သွယ်ရေးမြောင်း  ၁ ခု တို့အား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)