မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အကြမ်းဖက်သမားများ၏ တရားမဝင်ရွှေမျောများအား ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အကြမ်းဖက်သမားများ၏ တရားမဝင်ရွှေမျောများအား ရှင်းလင်းဖယ်ရှား


MNP ၊ မတ်လ ၂၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အကြမ်းဖက်သမားများ၏ တရားမဝင်ရွှေမျောများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အကြမ်းဖက်သမားများသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် တရားမဝင် ရွှေမျောလုပ်ငန်းများအား ကိုယ်တိုင်သော်လည်းကောင်း၊ နောက်ကွယ်ကသော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ရွှေမျောဖောင်များနှင့် ဆက်စပ်ပစ္စည်းများ ကာလတန်ဖိုး ၁၁,၀၅၃,၄၄၀,၀၀၀ ကျပ် (သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော်) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာနှင့် ဖရုံကာကျေးရွာကြားတွင် တရားမဝင်  ရွှေမျောဖောင် ၁၆ ဖောင်၊ အင်ဂျင်( ၈ လုံးထိုး) ၁၆ လုံး၊ ရေခရု(အကြီး) ၁၆ လုံး၊ သံပိုက်လုံး(အချင်း ၄ လက်မ အရှည် ၂၀ ပေ )၇ လုံး၊ သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၂၄ လုံး၊ သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၈ လုံး၊ ကော်ပိုက် လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၆ လုံး၊ ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ)၁၃ လုံး၊ သံပေပါ(အခွံ) ၂၆၄ လုံး၊ သံပေပါ (ဆီအပြည့်) ၉ လုံး၊ ဘက္ထရီအိုး(အကြီး) ၂၆ လုံး၊ တဲ ၃၅ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းနေရာအနီးဝန်းကျင်တွင် ထပ်မံရှင်းလင်းခဲ့ရာ ရွှေမျောဖောင် ၁၉ ဖောင်၊ အင်ဂျင်( ၈ လုံးထိုး) ၁၉ လုံး၊  ရေခရု(အကြီး) ၁၉ လုံး၊ မျောစင် ၁၉ စင်၊ သံပိုက်လုံး (အချင်း ၄ လက်မ အရှည် ၂၀ ပေ ) ၁၂ လုံး၊ သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၃၂ လုံး၊ သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၂၁ လုံး၊ ကော်ပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၉ လုံး၊ ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၆ လုံး၊ သံပေပါ (အခွံ) ၁၈၀ လုံး၊ သံပေပါ(ဆီအပြည့်) ၁၁ လုံး၊ ဘက္ထရီအိုး(အကြီး) ၁၉ လုံး၊ တဲ ၄၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နောက်ရက်တွင် ၎င်းကျေးရွာအနီး အသေးစိတ် ထပ်မံရှင်းလင်းခဲ့ရာ ရွှေမျှောဖာင် ၇၅ ဖောင်၊ အင်ဂျင် ၈ လုံးထိုး ၇၅ လုံး၊  ရေခရုအကြီး ၇၅ လုံး၊ မျောစင် ၇၅ စင်၊ သံပိုက်လုံး အရှည် ၉၀၄ လုံး၊ ကော်ပိုက်လုံး ၃၈၇ လုံး၊ ဆီပေပါ (အခွံ) ၁၅၀၇ လုံး၊ ဆီပေပါ ၂၀ လုံး၊ တဲ ၈၆ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာအနီးတွင် မတရားမဝင် ရွှေမျှောဖောင်များဖြင့် လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ ရွှေမျှောဖောင် ၃၁ ဖောင်၊ အင်ဂျင် (၈လုံးထိုး) ၃၁ လုံး၊ ရေခရု(အကြီး) ၃၁ လုံး၊ မျောစင် ၃၁ စင်၊ သံပိုက်လုံး ၂၃၆ ချောင်း၊ ကော်ပိုက်လုံး ၄၂ လုံး၊ ဘတ္ထရီအိုး ၆၂ လုံး၊ ဆီပေပါ အခွံ ၂၂၁ လုံး၊ ဆီပေပါ ၁၅ လုံး၊ တဲ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)