MNP ၊ မတ် ၂၆
မန္တလေး - ရွှေဘိုကားလမ်းတွင် PDFအကြမ်းဖက်သမားများ က ယမန်နေ့ (၂၅-၃-၂၀၂၃)ရက်နေ့ ညနေ ၄ာနာရီအချိန်ခန့်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရဟန်းရှင်လူပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မန္တလေး - ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာသော ရွှေလမင်း အံစာတုံးခရီးသည်ယဉ်သည် ရွှေဘိုမြို့တောင်ဘက် ၆ မိုင်အကွာ ဘုန်းဘွဲနှင့် ဇီးတောကျေးရွာအကြားတွင် PDF အကြမ်းဖက်သမားများက မိုင်း ၈ လုံးဖြင့်(၃)နေရာ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ မော်တော်ကား မိုင်းထိမှန်ပြီး ရဟန်း(၁) ပါး အပါအဝင် (၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဦးပီစာရ (မစိုးရိမ်ကျောင်းတိုက်၊ မန္တလေး)၊ ဗညား(စိုးရိမ်ရ)(ငှက်ပျောတိုင်ကျေးရွာ၊ကန့်ဘလူမြို)၊ ထင်ကျော်လင်း(၁၀ရပ်ကွက်၊ ရွှေဘိုမြို့)၊ ဦးဝင်းပို (စိုးရိမ်ရ) (ကျားမင်းကြီးကျေးရွာ၊ စစ်ကိုင်းမြို့နယ်)၊ မင်းနောင် (စိုးရိမ်ရ) (ပျဉ်းမမြိုင်ကျေးရွာ၊ ကျွန်းလှမြို့နယ်) မစုလျှံထွန်း (ထန်းကုန်းကျေးရွာ၊ ကန့်ဘလူမြိုနယ်) တို့ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment