ချောင်းဦးမြို့ မုံရွာ-မန္တလေးသွားကားလမ်းဘေးရှိ ဝမ်းစတိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့ မုံရွာ-မန္တလေးသွားကားလမ်းဘေးရှိ ဝမ်းစတိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရ


MNP ၊ မတ် ၂၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မုံရွာ-မန္တလေးသွားကားလမ်းဘေးရှိ ဝမ်းစတိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် နေထိုင်သော အပြစ်မဲ့ပြည်သူ ၁ ဦးသည် ချောင်းဦးမြို့ မုံရွာ-မန္တလေးသွားကားလမ်းဘေးရှိ ဝမ်းစတိုင် လက်ဖက်ရည်ဆိုင်သို သွားရောက်စဉ် PDF အကြမ်းဖက်သမားများက ရိုင်းစိုင်းယုတ်မာစွာ ၎င်းဆိုင်ရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများ၏ ရိုင်းစိုင်းယုတ်မာစွာ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အဆိုပါ အပြစ်မဲ့ ပြည်သူ ၁ ဦးမှာ ညာဘက် ဦးခေါင်းနှောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက် မိုင်းစထိမှန် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများမှ လူမှုကူညီရေးမော်တော်ယာဉ်ဖြင့် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)