မြောင်မြို့၊ တောင်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးရုံးအား PDF အကြမ်းဖက်သမားများက မီးရှိဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်မြို့၊ တောင်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးရုံးအား PDF အကြမ်းဖက်သမားများက မီးရှိဖျက်ဆီး


MNP ၊ မတ် ၂၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြိုh၊ တောင်ရပ်ကွက်ရှိ မြိုနယ်စိုက်ပျိုးရေးရုံးအား ယမန်နေ့ ည ၈ နာရီခန့်တွင် အဖျက်အမှောင့်လုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများက ရုံးအား မီးရှို့ထွက်ပြေးသွားကြောင်း သိရှိရပြီး တာဝန်ရှိသူများမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ကောက်ကျစ်ယုတ်မာစွာ မီးရှိဖျက်ဆီးမှုကြောင့် သွပ်မိုး အုတ်ကာ အဆောက်အဦ ၁ လုံး၊ အဆောက်အဦအတွင်းရှိ သစ်သားဖိုင်တင်စင် ၁ ခု၊ မိုးကာရွက်ဖျင်တဲ ၁ ခု၊ ပလပ်စတစ် ထိုင်ခုံ ၂၇ လုံး၊ သံစားပွဲခုံ ၁ လုံး၊ ရေမော်တာ ၁ လုံး၊ SKV မီးအားမြှင့်စက် ၁ လုံး၊ လျှပ်စစ်မီတာ ၁ လုံး၊ ရေမီတာ ၁ လုံး၊ သစ်သားဗီရို ၃ လုံးတို့မှာ မီးလောင်ပျက်စီး ဆုံးရှံးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)